2017 Press Release (MM)
2017-11-17 14:57:24 / 紡織展 - MTG
MTG ၂၀၁၇ မှ မြန်မာ့ ချည်မျှင် နှင့် အထည်ချုပ် လုပ်ငန်းရှင် များအတွက် ထုတ်လုပ်မှု ဖြေရှင်းနည်းများ တင်ပြခြင်း
၆ ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာချည်မျှင် နှင့် အထည်ချုပ်စက်မှုလက်မှုပြပွဲ (MTG 2017) ကို တည်နေရာ အဆင်ပြေ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၃ ကီလိုမီတာ သာကွာဝေးသော ရန်ကုန်မြို့မင်းဓမ္မလမ်းပေါ်ရှိ Myanmar Event Park (MEP) တွင် ဒီဇင်ဘာလ ၈ ရက်နေ့ မှ ၁၁ ရက်နေ့ ထိကျင်းပပါမည်။ အထက်ပါအခမ်းအနားကို Yorkers ကုန်သွယ်ရေး နှင့် စျေးကွက်ရှာဖွေရေး ဝန်ဆောင်မှုကုမ္ပဏီလီမီတက် (YORKERS) မှ ဦးစီးကျင်းပ၍ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ကူညီပံ့ ပိုးထားပါသည်။ ဤအခမ်းအနားသည် ပြည်တွင်းရှိပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (U.M.F.C.C.I.) အပါအဝင်နိုင်ငံရပ်ခြားအသင်းအဖွဲ့များဖြစ်သော ထိုင်ဝမ်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(TAMI) နှင့် ထိုင်ဝမ်အပ်ချုပ်စက်အသင်း (TSMA) များထံမှ ခိုင်မာသော ထောက်ခံမှုကိုလည်း ရရှိထား ပါသည်။
CMP အထည်ချုပ် - - မြန်မာနိုင်ငံ ၏ စက်မှုကဏ္ဍ အလားအလာ
မြန်မာနိုင်ငံ၏စီးပွားရေးအလားအလာသည် တိုင်းပြည်၏စစ်အုပ်ချုပ်ရေးစနစ် မှ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သို့ ပြုပြင်ပြောင်းလဲမှု နှင့်အတူတောက်ပလာပြီဖြစ်သည်။ နိုင်ငံ၏စီးပွားရေးပိတ်ဆို့မှုသည်လည်း ဒီမိုကရေစီသို့ စတင်လျှောက်လှမ်းနေသောကြောင့် H & M နှင့် Primark အပါအဝင် အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ်များ နှင့် လက်လီရောင်းချသူများသည် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံတွင် စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။ အဆိုပါပို့ကုန်အထည်ချုပ်လုပ်ငန်းသည် ဤအခွင့်အလမ်းသစ်များဖြင့် အကျိုးအမြတ် ရရှိကာလျှင်မြန်စွာတိုးချဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းအင်း များအရမြန်မာနိုင်ငံသည် ၂၀၁၇ ဘဏ္ဍာရေးနှစ်၏ ပထမဦးဆုံး ၁၁ လအတွင်း Cut-Make-Pack (CMP) ပို့ကုန် အထည်ချုပ် လုပ်ငန်း မှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံကျော်ရရှိပြီး တူညီသောကာလ၏ အခြားနှစ်များထက် ဝင်ငွေအမေရိကန်ဒေါ်လာ ၁ ဘီလီယံ သိသိသာသာတိုးလာခဲ့သည်။ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ပို့ကုန်အမျိုးအစားဖြစ်သော CMP အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုရာ၌ သိသာထင်ရှားသောအခန်းကဏ္ဍမှပါဝင်သည်။
မြန်မာ့အထည်ချုပ်လုပ်ငန်း၏တိုးတက်မှုနောက်ကွယ်မှအဓိကပဲ့ကိုင်သူဖြစ်သည့် MTG သည် ကျော်ကြားသော အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ်များမှ အသိအမှတ်ပြုခံရပြီး ဖြစ်သောကြောင့် ထွန်းတောက် အောင်မြင် နေသော မြန်မာ့ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် အလွန်အသုံးဝင်သော လမ်းကြောင်း တစ်ခုဖြစ်လာသည်။ ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်, တရုတ်, ဟောင်ကောင်, အိန္ဒိယ, အင်ဒိုနီးရှား, ဂျပန်, ကိုရီးယား, မလေးရှား, မြန်မာ, စင်ကာပူ, ထိုင်း, ထိုင်ဝမ်, နှင့်ဗီယက်နမ် စသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံ မှ ကုန်စည် ပြသသည့်ကုန်သည်ဦးရေ ၃၅၀ အတွက်အကျယ်အဝန်း စတုရန်းမီတာ ၇၀၀၀ ကျော်ရှိသောနေရာကို အသုံးပြုထားပါသည်။ နိုင်ငံရပ်ခြား ကုန်သည်များ၏ စိတ်အားထက်သန်စွာ တက်ရောက်ခြင်းသည် ဤအခမ်းအနားကို နိုင်ငံတကာစံချိန်မှီအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထောက်ပြခြင်းဖြစ်သည်။
ကျော်ကြားသောနိုင်ငံတကာအမှတ်တံဆိပ်များ
MTG သည်အဓိကအားဖြင့် မြန်မာနိုင်ငံရှိ CMP အထည်ချုပ်လုပ်ငန်းထုတ်လုပ်သူများ မှ စက်ပစ္စည်းကိရိယာ အသစ်များနှင့် ဝယ်လိုအား မြင့်သောအထည်အလိပ်များ၏ လိုအပ်ချက်များအတွက်ပံ့ပိုးကူညီပြီး ၎င်းတို့၏ ပို့ကုန်တိုးတက်မှုနှုန်းဆက်လက် မြှင့်တင ရန်ဖြစ်သည်။ ယခုနှစ်ပြပွဲတွင်ကျော်ကြားသော နိုင်ငံတကာကုမ္ပဏီ ထုတ်လုပ်သူများ မှ ထောက်ပံ့ထားသော အဆင့်မြင့်စက်ကိရိယာများကို တွေ့ရှိရ ပါမည်။ စက်ပန်းထိုးကဏ္ဍများ တွင် ကမ္ဘာလုံးဆိုင်ရာဦးဆောင်သူဖြစ်သော TAJIMA ကုမ္ပဏီ မှ စက်ပန်းထိုးစက်ကိုပံ့ပိုးကူညီထားပြီး ၎င်းတို့၏ အလိုအလျောက်စက်ပန်းထိုးစက်ကို မီးမောင်းထိုးပြထားပါသည်။ အပ်ချုပ်လုပ်ငန်းကဏ္ဍများတွင် JUKI မှ
အထည်ချုပ်လုပ်ငန်း၊ ဇာထိုးလုပ်ငန်းနှင့် အထည်မဟုတ်သောလုပ်ငန်းများအတွက်စက်မှုလုပ်ငန်းသုံး အပ်ချုပ်စက်အမျိုးမျိုးများ၊ နေအိမ်သုံးအပ်ချုပ်စက်များကိုပြသထားပါသည်။ ဇာထိုးကဏ္ဍအဖြစ် CIXING မှ ကွန်ပျူတာသိုးမွှေးထိုးစက်ကို မိတ်ဆက်ပေးပါမည်။ မီးပူတိုက်ခြင်းနှင့်ရေငွေ့ပေးခြင်းကဏ္ဍအတွက် ဂျာမနီ အခြေစိုက် VIET ကုမ္ပဏီ မှ ရှေးဟောင်းမီးပူနှင့်မီးပူခုံ၊ ရေနွေးငွေ့မီးစက်၊ မီးပူတိုက်စက်များ၊ ပုံသွင်းအချော ကိုင်စက် နှင့် ကော်ကပ်စက်များကို ခင်းကျင်းထားပါမည်။ ပုံနှိပ်ခြင်းကဏ္ဍအဖြစ်တရားဝင်ခွင့်ပြုမိန့်ရ ဖြန့်ချိရေးကုမ္ပဏီ MIMAKI မှ ပုံနှိပ်ရာတွင် ထိရောက်သောကုန်ကျစရိတ်ဖြင့် မြင့်မားသောအရည်အသွေးနှင့် ထုတ်လုပ်မှုစွမ်းအားကိုပါ ထိန်းသိမ်းပေးသော TS300P-1800 ပုံနှိပ်စက်ကို ပြသထားပါမည်။ ထို့အပြင် WEALTH CHAMP, JIE YAO နှင့် FOCUS မှ အပ်ချုပ်စက်၊ မီးပူတိုက်စက်၊ ပိတ်ဖြန့်စက်၊ ပိတ်ဖြတ်စက် နှင့် အခြားသောအထည်ချုပ်အချောသတ်ရန်လိုအပ်သောစက်များ စသည့်အထည်ချုပ်ထုတ်လုပ်မှုလိုင်းများ လိုအပ်သော စက်ပစ္စည်းကိရိယာများအားလုံးကိုလည်း ခင်းကျင်းပြသထားပါမည်။
နှီးနှောဖလှယ်ပွဲတွင် ချည်မျှင်နှင့် ဆက်စပ်သောလုပ်ငန်း များ အဆင့်မြှင့်တင်ရန်အတွက် အဖိုးတန်သော အညွှန်းကို တင်ပြခြင်း
လတ်တလောနှစ်အတွင်း MTG အခမဲ့ပညာပေးသင်တန်းများကတက်ရောက်လာသူများအတွက် ကြီးမားသော ဆွဲဆောင်မှု ဖြစ်လာသည်။ ယခုနှစ်တွင် ရေနွေးငွေ့စနစ်အင်ဂျင်နီယာပိုင်းကိုအထူးပြု၍ ဦးဆောင်ကုမ္ပဏီဖြစ်သော Smart Myanmar နှင့် Spirax Sarco မှ အိမ်ရှင်အဖြစ်ဦးဆောင်ကျင်းပမည့် ပထမဦးဆုံးနေ့ (ဒီဇင်ဘာလ ၈ ရက်နေ့) တွင်နေ့လည် ၁၃:၀၀ မှ ၁၆:၄၅ ထိ ပညာပေးသင်တန်းကို ပြုလုပ်ပေးမည်ဖြစ်ပါသည်။ အခြားနှီးနှော ဖလှယ်ပွဲများကို လတ်တလောတွင်ရေပန်းစားနေသောအကြောင်းအရာများဖြစ်သည့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်း၏ဖွံ့ဖြိုးရေးနှင့်တိုးတက်ရေး၊ ရေနွေးငွေ့စနစ်များနှင့်ထိရောက်မှု၊ စွမ်းအင်လျှော့ချရေး၏ဖြစ်နိုင်ခြေများ၊ အအေးစနစ်များ၊ ဓာတုပစ္စည်းစာရင်းစီမံခန့်ခွဲမှု နှင့် ဓာတုပစ္စည်းအန္တရာယ်စီမံခန့်ခွဲမှု စသောခေါင်းစဉ်များဖြင့် ပြုလုပ်ပေးမည်ဖြစ်ပါသည်။ ဤကဲ့သို့ အပြန်အလှန်အကျိုးသက်ရောက်မှုရှိ၍ စိတ်ဝင်စားဖွယ်သတင်းများ ပေးသော နှီးနှောဖလှယ်ပွဲများသည် သင့်၏တက်ရောက်အားပေးပါဝင်မှုကို ပို၍အဖိုးတန်စေပါလိမ့်မည်။
MTG ၂၀၁၇ ၏ ကြွယ်ဝသော အတွေ့အကြုံများ
မကြာမီအချိန်တွင် ကျင်းပမည့် MTG ၂၀၁၇ သို့ တက်ရောက်အားပေးရန် သင့်အားအခမ်းအနား ပြပွဲစီစဉ်တင်ဆက် သူများမှ လှိုက်လှဲစွာကြိုဆိုပါသည်။ အဆိုပါ မြန်မာ့ချည်မျှင်နှင့်အထည်ချုပ်ကုန်သွယ်ရေးကုန်စည်ပြပွဲသည် ချည်မျှင်နှင့်အထည်ချုပ်ကုန်ထုတ်လုပ်မှုကွင်းဆက်များအတွက် ယေဘုယျဖြေရှင်းနည်းများကို တင်ပြသွားမည် ဖြစ်ပါသည်။ တက်ရောက်လာသောဧည့်သည်တော်များအနေဖြင့် နိုင်ငံတကာနှင့်ပြည်တွင်းရှိစက်မှုလုပ်ငန်းများ၏ တီထွင်မှုများကိုမြင်တွေ့နိုင်ပြီး နောက်ဆုံးရ စျေးကွက်သတင်းအချက်အလက်များကိုရယူနိုင်၍ ကွဲပြားခြားနား သောနယ်ပယ်များမှ အရေးပါသောစက်မှုလုပ်ငန်းရှင်များနှင့် ချိတ်ဆက်နိုင်ပါသည်။ အွန်လိုင်းဧည့်သည်များ ကြိုတင်မှတ်ပုံတင်လိုပါက MTG တရားဝင်ဝက်ဘ်ဆိုက်တွင်အလွယ်တကူရရှိနိုင်ပါသည်။ နှီးနှောဖလှယ်ပွဲ/ထုတ်ကုန်စာရင်းများ၊ နေရာနှင့်အချိန်ဇယားအကြောင်း အသေးစိတ်သိရှိလိုပါက
更多最新消息
- 「光進銅退」時代來臨 Touch Taiwan系列展聚焦矽光子與先進封裝新商機 Touch Taiwan / 2026-04-01 14:32:18
- 【內含贈票】周末將至,好好陪陪最愛你的牠💖 展昭寵物用品展 - 05中寵口碑場 / 2026-03-30 10:53:24
- 【Chan Chao來‧美食BAR】3/30開放報名! 年度巡迴酒展 - 04台北國際酒展 ‧ 純酒展 / 2026-03-27 15:22:59
- 2026亞洲生技大展_外商人士來臺參觀補助辦法 BIO Asia-Taiwan 亞洲生技大展 / 2026-03-26 11:52:26
- 恭喜成功錄取展昭台中寵物用品展! 展昭寵物用品展 - 05中寵口碑場 / 2026-03-09 17:16:46
- 你知道,台灣烘焙在世界上有多厲害嗎? TIBS 台北國際烘焙暨設備展 / 2026-03-07 01:27:35
- 引領次世代PCB 轉型:材料突破、製程演進與創新驅動 泰國電子智慧製造系列展 / 2026-03-03 12:49:31
- 2026全台最大台北國際巡迴酒展 4月首發登場! 年度巡迴酒展 - 04台北國際酒展 ‧ 純酒展 / 2026-02-09 16:38:58
- 烘焙迷首選【亞洲指標烘焙盛會】3/12-15 南港1館 TIBS 台北國際烘焙暨設備展 / 2026-02-06 09:36:47
- 【越南國際伴手禮精品獎】獲獎結果公布 TIBS 台北國際烘焙暨設備展 / 2026-01-16 15:05:38
- 【展覽通知】2026展昭高雄寵物用品展-搶先場取消公告 展昭寵物用品展 - 04高寵搶先場 / 2026-01-16 13:01:54
- 6+國企業齊聚河內,搶占東協智慧製造新商機 — 越南河內國際電子智慧製造系列展2026 即將登場 越南河內國際電子智慧製造系列展 / 2026-01-15 17:04:13
- 【重要通知|反詐騙公告】 年度巡迴酒展 - 04台北國際酒展 ‧ 純酒展 / 2026-01-09 10:37:29
- 【內含贈票】凍乾噴灑技術X機能保健,寵愛貓咪新選擇! 展昭寵物用品展 - 12高寵獨霸場 / 2025-12-11 16:20:19
- 展昭高雄寵物用品展最後索票通知🔔 展昭寵物用品展 - 12高寵獨霸場 / 2025-12-05 11:47:18
- 南部唯一最大寵物用品展,就在高雄展覽館! 展昭寵物用品展 - 12高寵獨霸場 / 2025-12-04 11:56:33
- 展昭高雄寵物用品展 全新活動強勢登場! 展昭寵物用品展 - 12高寵獨霸場 / 2025-12-04 11:45:24
- 年末最大場寵物展怎麼能錯過,一次送你2張單日入場門票💥 展昭寵物用品展 - 12高寵獨霸場 / 2025-12-04 11:11:11
- 【內含贈票】尾巴丘替毛孩把關,打造與毛孩的幸福生活 展昭寵物用品展 - 12高寵獨霸場 / 2025-12-04 09:40:13
- 【內含贈票】全台首創『狗狗DIY披薩」! 展昭寵物用品展 - 12高寵獨霸場 / 2025-12-04 09:39:45