2016 Press Release(Burmese)
2016-07-11 09:37:37 / MTG
သတင်းထုတ်ပြန်ကြေငြာချက်
ပဉ္ဓမအကြိမ်မြောက် မြန်မာ့အပြည်ပြည်ဆိုင်ရာ ချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်းပြပွဲကြီး
ကို ရန်ကုန်မြို့ တွင်ဇွန်လ(၂၄)ရက်မှ(၂၇)ရက်အတွင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
၂၀၁၆-ခုနှစ်ပဉ္ဓမအကြိမ်မြောက် မြန်မာ့အပြည်ပြည်ဆိုင်ရာ ချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်းပြပွဲကြီး (MTG-2016) ကိုဇွန်လ(၂၄)ရက်မှ(၂၇)ရက်အတွင်းကျင်းပရန်စီစဉ်ထားပါသည်။ Myanmar Event Park (MEP)တွင် ပြုလုပ်မည့်ထိုပြပွဲကြီးတွင်(၁၆)နိုင်ငံမှပြပွဲပြသသူ(၁၆၀)ဦးတို့ကစုစည်းပြီးပြခန်းပေါင်း(၃၂၀)ကို ၎င်းတို့ ၏နောက်ဆုံးပေါ် ထုတ်ကုန်များနှင့်နည်းပညာများကိုပြသသွားမည်ဖြစ်ရာကမ္ဘာအနှံ့မှချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာကုမ္ပဏီများ အတွက်အရေးပါသည့်ကုန်သွယ်မှုပြုရာစင်မြင့်တစ်ခုအဖြစ်နောက်တစ်ကြိမ်အကျိုးပြုဦးမည်ဖြစ်ပါသည်။ယခုကဲ့သို့ 
ပဉ္စမအကြိမ်မြောက်ပြပွဲစီမံတင်ပြမှုတွင် ထိုသို့ ကြီးကျယ်ခန်းနားသောပြပွဲကိုစီစဉ်သူမှာ Yorkers Trade & Marketing ServiceCo.,Ltdနှင့်မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)တို့ကပူးပေါင်းစည်းရုံးဆောင်ရွက်ခြင်းဖြစ်ပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ကတရားဝင်ပံ့ပိုးကူညီထားပါသည်။
ဤပြပွဲကြီးတွင်ချည်မျှင်နှင့်အထည်အလိပ်ငန်းနာမည်ကျော်အမှတ်တံဆိပ်များဖြင့်ရပ်တည်နေသည့်နိုင်ငံများနှင့်နေရာ များဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျာမဏီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ မြန်မာ၊ စင်္ကာပူ၊ဆွစ်ဇာလန်၊ထိုင်ဝမ်၊ထိုင်း၊ယူအက်(စ်)အေနှင့်ဗီယက်နမ်နိုင်ငံတို့မှတပြိုင်နက်ပါဝင်ပြသသွားမည်ဖြစ်ပါသည်။၎င်းတို့အနက်ကိုရီးယားနိုင်ငံမှကိုရီးယားနိုင်ငံပြခန်းဖြင့်တီထွင်ဖန်တီးထားသည့်ထုတ်ကုန်များအမျိုးမျိုးကိုစုံစုံလင်လင်တည်ခင်းပြသသွားမည်ဖြစ်ရာကုန်သွယ်မှုမှတ်တန်းများကိုသိသိသာသာစံချိန်ချိုးနိုင်မည်ဟုမျှော်လင့်မိပါသည်။ထို့အပြင်နိုင်ငံတကာထိပ်တန်းစက်မှု အသင်းကြီးတော်တော်များများကလည်းဤပြပွဲကြီးကိုထိထိရောက်ရောက်ဝိုင်းဝန်းပံ့ပိုးသွားကြမည်ဖြစ်သည်။၎င်းတို့ အနက်ထိုင်ဝမ်စက်ပစ္စည်းလုပ်ငန်းအသင်း(TAMI)၊ထိုင်ဝမ်အပ်ချုပ်စက်အသင်း(TSMA)၊ကိုရီးယားစက်ချုပ်အသင်း (KOSMIA)နှင့်ချည်ထည်ပြည်ပပို့ ကုန်မြှင့်တင်ရေးကောင်စီ(TEXPROCIL) တို့ ပါဝင်ကြပါသည်။
အာဆီယံတွင်ရွှေအတိလွှမ်းသော ရင်းနှီးမြှုပ်နှံမှုထွက်ပေါက်ဖြစ်ခြင်း
၂၀၁၂-ခုနှစ်တွင်အမေရိကန်နှင့်ဥရောပယူနီယံကမြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့ထားခြင်းကိုစတင်ဖြေလျော့ခဲ့ပြီး နောက်အရှေ့ တောင်အာရှတွင်မိမိတို့ ၏စီးပွားရေးအခွင့် အလမ်းများအလွန်တိုးတက်လာအောင်မြန်မာနိုင်ငံတွင်းသို့  တစထက်တစပြောင်းရွှေ့လုပ်ငန်းများစတင်လာခဲ့ကြသည်။၎င်းတို့အနက်အသိသာဆုံးနမူနာကြည့်ပါက(GPA)နှင့်(H&M) ဖြစ်ပြီး၊နှစ်ဖွဲ့လုံးကနိုင်ငံတွင်းရှိစက်ရုံများအတွက်ထုတ်ကုန်အရည်အသွေးတိုးတက်လာစေရေးနှင့်စက်မှုလုပ်ငန်း ပတ်ဝန်းကျင်းတိုးတက်လာစေရေးလုပ်ငန်းတို့တွင်လွန်ခဲ့သောနှစ်အနည်းငယ်ကပင်ရင်းနှီးမြှုပ်နှံမှုများစတင်ပြုလုပ်ခဲ့ သည်။တိုးချဲ့ဆောင်ရွက်လာသောမက်ခရိုစီးပွားရေးပေါ်လစီဖြင့်တဟုန်ထိုးအားပေးမှုကြောင့်မြန်မာနိုင်ငံ၏စီးပွားရေးတစ်ဟုန်ထိုးတိုးတက်မှုအတွက်သိသာသောတွန်းအားဖြစ်စေမည်ဟုမျှော်လင့်ရပါသည်။
လူသိများပြီးဖြစ်သောနိုင်ငံတကာအမှတ်တံဆိပ်များ
မျှော်လင့်ချက်အပြည့်ရှိသောအနာဂတ်စီးပွားရေးမြင်ကွင်း၊အပြိုင်အဆိုင်ရှိသောလုပ်သားအင်အားတို့၏စွမ်းအားကြောင့်နိုင်ငံတကာတွင်ကျော်ကြားပြီးဖြစ်သောချည်မျှင်နှင့်အထည်အလိပ်ကိရိယာအမှတ်တံဆိပ်များသည်(MTG)တွင်ဝင်ရောက်ပြသပြီးမိမိတို့ အတွက်စီးပွားရေးအခွင့်အလမ်းများကောင်းသထက်ကောင်းလာအောင်ရွှေ့ ပြောင်းလာကြမည်ဖြစ်သည်။ ၎င်းတို့ အနက် ‘Juki Singapore Pte Ltd, Macpi Group, Tajima Industries Ltd, Cixing (Myanmar) Co., Ltd, Veit Hong Kong Limited, Ngai Shing Development Ltd, Truetzschler Gmbh & Co., Kg, Itema S.P.A’
စသည်တို့ပြပွဲကြီးတွင်ပါဝင်ပြသသွားမည်ဖြစ်ပါသည်။၎င်းတို့ပြသကြသူများမှာအမျိုးအစားအစုံဖြစ်ရာအပ်ချုပ်စက်၊ ပန်းထိုးစက်၊ ချည်ထိုးစက်၊ ဗိုင်းငင်စက်၊ ယက္ကန်းစက်၊ ဖိစက် စသည်တို့ ပါဝင်ပါသည်။
SMART MYANMAR နှင့် CONTROL UNION မှစီစဉ်သည့် စီးပွားရေး အခွင့်အလမ်းအသစ်များ အသိပညာများဆွေးနွေးပွဲ
လုံးဝထူးခြားသည့်ဆွေးနွေးပွဲအစီအစဉ်ကိုဇွန်လ(၂၅)ရက်နေ့နေ့လယ်(၁)နာရီမှ(၃)နာရီအထိကျင်းပသွားမည်ဖြစ်ပါ
သည်။SmartMyanmarနှင့်ControlUnionတွင်တာဝန်ထမ်းဆောင်နေသည့်ကျွမ်းကျင်သူပါရဂူ(၄)ဦးကိုဖိတ်ကြားထား
ပြီးSmartMyanmarစက်ရုံ၏ဝန်ဆောင်မှုများခေါင်းစဉ်၊ဆက်လက်ရှင်သန်နိုင်ရေးအတွက်အသိအမှတ်ပြုလက်မှတ်
လိုအပ်ချက်များခေါင်းစဉ်တို့ဖြင့်အသိပညာပေးဟောပြောသွားမည်ဖြစ်ပါသည်။SmartMyanmarသည်ဥရောပယူနီယံကရန်ပုံငွေထောက်ပံ့မှုဖြင့်မြန်မာပြည်ဖြစ်အဝတ်အထည်များရေရှည်ထုတ်လုပ်နိုင်ရေးကိုအထောက်အကူပြုရန် လေးနှစ်စီမံကိန်းဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး လူမှုရေး၊ ပတ်ဝန်းကျင်အရလိုက်နာဆောင်ရွက်ချက်များကိုလည်းကောင်း၊ အဖွဲ့အစည်းကိုအထောက်အကူပြုနေသည့်ကုမ္ပဏီများ၊လုပ်ငန်းများနှင့်လက်ချင်းချိတ်ကာဆောင်ရွက်လျက်ရှိကာ ပြည်တွင်းထုတ်လုပ်မှုအင်အားကိုတည်ဆောက်ရန်နှင့်အားကောင်းလာစေရန်ရည်ရွယ်ပါသည်။ControlUnion ဆိုသည်မှာနယ်သာလန်နိုင်ငံမှလာသောနိုင်ငံတကာအဖွဲ့အစည်းဖြစ်ပြီးအစားအစာ၊ကျွေးမွေးသည့်အစာ၊ အထည်အလိပ်၊အဝတ်အထည်ကဏ္ဍစသည့်အမျိုးမျိုးသောစက်မှုလုပ်ငန်းများနှင့်ပတ်သက်သည့်စစ်ဆေးမှုများ၊ သက်သေခံလက်မှတ်ထုတ်ပေးခြင်း၊ယှဉ်ပြိုင်မှုရှိသောဝန်ဆောင်မှုများကိုအထူးပြုလုပ်သည့်အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာအနှံနိုင်ငံပေါင်း(၇၂)နိုင်ငံတွင်တည်ရှိပါသည်။အထည်အလိပ်၊အဝတ်အထည်ကဏ္ဍတွင်ControlUnionသက်သေခံထုတ်ပေးသည့်ထင်ရှားသောကြားခံအဖွဲ့အစည်းအနေဖြင့်ပိုမိုသိကြပါသည်။ရေရှည်တည်တံ့ရှင်သန်နိုင်ရေးကိုပိုမို အလေးထားပြီးသက်သေခံပေးခြင်းအစီအစဉ်များကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါသည်။
MTG-2016တွင်စကားပြောကြားမည့်စက်မှုလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုပါရဂူများရှိသည့်အတွက်ကျွန်တော်တို့ အနေဖြင့်တော်တော်လေးကျေနပ်ရပါသည်။ ၎င်းတို့ ၏တန်ဖိုးရှိသည့်အသိပညာနှင့် အမြင်များသည် ချည်မျှင်နှင့်အထည်လိပ် စက်မှုလုပ်ငန်းကိုဆောင်ရွက်နေကြသူများအတွက်ထိုဆွေးနွေးပွဲများက အလွန်ဆွဲဆောင်မှုရှိစေပြီးအကျိုးသက်ရောက်မှုများစွာရရှိစေမည်ဖြစ်ပါသည်။
တနေရာထဲတွင် ကုန်သွယ်မှုပြုနိုင်သောပြပွဲကောင်းကြီးတခု
ပဉ္ဓမအကြိမ်မြောက်မြန်မာ့အပြည်ပြည်ဆိုင်ရာချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာစက်ပစ္စည်းပြပွဲကြီးသည်မဖြစ်မနေ
တက်ရောက်လေ့လာရမည့်မြန်မာနိုင်ငံတွင်နှစ်ပတ်လည်ကုန်သွယ်မှုပြပွဲကြီးဖြစ်ပါသည်။ဤပြပွဲကြီးတွင်အထည်အလိပ်၊ အဝတ်အထည်၊ပန်းထိုးလုပ်ငန်းပစ္စည်းထုတ်လုပ်သူများ၊အထည်အလိပ်နှင့်အဝတ်အထည်ဆက်စပ်ပစ္စည်းဝယ်ယူသူ
များ၊လက်လီရောင်းသူများကိုတမိုးထဲအောက်တွင်စုစည်းရောက်ရှိစေမည်ဖြစ်ပြီးအပြန်အလှန်ကုန်သွယ်မှုများ၊ ကုန်ပစ္စည်းအသစ်ရာပေါင်းများစွာကို သိရှိသွားစေခြင်း၊ နောက်ဆုံးပေါ်စက်မှုလုပ်ငန်းတိုးတက်မှုများကိုလေ့လာနိုင်ခြင်း၊ အင်အားကောင်းသောစီးပွားရေး လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်အသွယ်ရစေခြင်း စသည့်အကျိုးကျေးဇူးများကို ကျိန်းသေဖြစ်ထွန်းစေမည်ဖြစ်ပါသည်။
ပြပွဲသတင်းအချက်အလက်
ရက်စွဲ ။ ။ ဇွန်လ ၂၄(သောကြာ) - ဇွန်လ ၂၆(တနင်္ဂနွေ) နံနက် (၁၀း၀၀ မှ ညနေ ၁၆း၀၀) နာရီ ထိ
ဇွန်လ ၂၇(တနင်္လာ) - နံနက် (၁၀း၀၀ မှ နေ့ လည် ၁၄း၀၀) နာရီ ထိ
နေရာ ။ ။ Myanmar Event Park (MEP)
လိပ်စာ ။ ။ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့ နယ်၊ ရန်ကုန်။
ဖွင့်ပွဲအခမ်းအနား ၊၊ ဇွန်လ ၂၄ (သောကြာ) နံနက် (၁၀း၀၀) နာရီ
ပြည်ပ၌ဆက်သွယ်ရန်
YORKERS TRADE & MARKETING SERVICE CO., LTD
CHAN CHAO INTERNATIONAL CO., LTD
MR.STEVEN (TEL: +886-2-26596000 EXT. 322)
E-MAIL: steven@chanchao.com.tw
ပြည်တွင်း၌ဆက်သွယ်ရန်
YORKERS EXHIBITION SERVICE (MYANMAR) CO., LTD
MS. MYO KYI PHYU TUN (TEL: 01-9010753/ 754)
E-MAIL: myokyiphyutun25@gmail.com
ပြပွဲကြီးဖြစ်မြောက်ရေးအတွက်စီစဉ်သူများမှာ
Yorkers and Chan Chao သည် ASEAN နိုင်ငံများ ၊တောင်အာရှနှင့်တရုတ်နိုင်ငံတို့ တွင်နှစ်ပေါင်း(၃၀)နီးပါး ပြပွဲများနှင့် ကုန်သွယ်မှုပွဲတော်များကိုဦးဆောင်ကျင်းပနေသူများ ဖြစ်ကြပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ပါကစ္စတန် ၊ထိုင်ဝမ်နှင့် ဗီထက်နမ်နိုင်နိုင်ငံများတွင်လည်း နှစ်ပေါင်းများစွာ စက်ပစ္စည်းများဆိုင်ရာပြပွဲအမျိုးမျိုးကို ဦးဆောင်ကျင်းပခဲ့ပါသည်။ ထိုကဏ္ဍတွင် အတွေ့ အကြုံကောင်းများစွာကြွယ်ဝပါသဖြင့် Yorkers and Chan Chao အနေဖြင့် မိမိတို့ ၏ကုန်သွယ်မှုပြပွဲများသည်သာ ကြီးထွားလာသည့် ဈေးကွက်ကြီးအတွက် ကုန်သွယ်မှုအခွင့်အလမ်းများကို ရရှိစေမည့်အကောင်းဆုံးပလက်ဖောင်းများ ဖြစ်စေမည်ဟုယုံကြည်ပါသည်။
Vietnam Exhibitions: http://www.linkage-vn.com/
Bangladesh Exhibitions: http://www.bangla-expo.com/
Cambodia Exhibitions: http://www.camboexpo.com/
Myanmar Exhibitions: http://www.myanmar-expo.com/
More News
- CIMIF, CTG & CambodiaPlasPrintPack 2026: Driving Industrial Transformation. Empowering Growth. CTG / 2026-07-22 15:52:22
- CIMIF, CTG & CambodiaPlasPrintPack 2026: Driving Industrial Transformation. Empowering Growth. CPPP / 2026-07-22 15:52:04
- CIMIF, CTG & CambodiaPlasPrintPack 2026: Driving Industrial Transformation. Empowering Growth. CIMIF / 2026-07-22 15:51:48
- Beware of Fraud and Impersonation CPPP / 2026-07-17 15:53:07
- Chan Chao International and Vietnam Exposition Center (VEC) Officially Sign MOU Hanoi International Electronics and Smart Manufacturing Exhibition / 2026-07-07 09:32:00
- Chan Chao International and Vietnam Exposition Center (VEC) Officially Sign MOU Hanoi Print Pack / 2026-07-07 09:31:07
- Foreign Buyer Incentive Program Now Open — Apply NOW! Taipei Int'l Industrial Automation Exhibition / 2026-07-03 17:25:03
- Don't Miss the Highlights at the 2026 Asia Healthcare & Medical Cosmetology Expo Asia Healthcare & Medical Cosmetology Expo / 2026-07-01 15:39:44
- Industrial Trend Express Report | Discover What’s Driving the Industry Forward Asia Healthcare & Medical Cosmetology Expo / 2026-07-01 15:39:28
- [Agenda Revealed] Exhibitor Showcase at Asia’s Leading Biotech & Healthcare Event Asia Healthcare & Medical Cosmetology Expo / 2026-07-01 15:38:34
- Booth registration for ATLife 2027 opens now! Assistive Technology for Life / 2026-06-29 09:31:55
- BIO Asia–Taiwan Exhibition 2026_Foreign Buyer Incentive Program BIO Asia-Taiwan Exhibition / 2026-06-26 13:44:19
- Look At my P.P.P.I.C Hanoi International Electronics and Smart Manufacturing Exhibition / 2026-06-19 10:29:21
- Look At my P.P.P.I.C Hanoi Print Pack / 2026-06-19 10:10:14
- Intelligent Asia Hanoi 2026 | TAIWAN SELECT — Electronics & Smart Manufacturing Hanoi International Electronics and Smart Manufacturing Exhibition / 2026-06-15 15:19:13
- [Register Now] 2026 BIO Asia–Taiwan Exhibition | July 16–19 BIO Asia-Taiwan Exhibition / 2026-06-11 19:30:32
- [Register Now] 2026 Asia Healthcare & Medical Cosmetology Expo | July 16–19 Asia Healthcare & Medical Cosmetology Expo / 2026-06-03 17:13:51
- FREE SHUTTLE BUS SERVICE FOR GROUP VISITORS TO EXHIBITIONS IN HANOI Hanoi International Electronics and Smart Manufacturing Exhibition / 2026-05-12 09:59:54
- FREE SHUTTLE BUS SERVICE FOR GROUP VISITORS TO EXHIBITIONS IN HANOI Hanoi Print Pack / 2026-05-12 09:57:44
- Get Ready for BTKG 2026 – Event Schedule Revealed! Bangladesh International Textile, Knitting and Garment Industry Exhibition / 2026-05-08 17:02:16