Menu

2025 Myanmar Int'l Textile & Garment, Apparel Accessories, Textile Printing Industry Exhibition

Concurrent with:

ပင္မစာမ်က္နွာ / သတင္းမ်ား / The US Interested to Increase Economic Cooperation with Myanmar

The US Interested to Increase Economic Cooperation with Myanmar

 

ရက္စြဲ: 2020-08-04

News Type: Marketing News

 

Video Conference between U Thaung Tun and US-ASEAN Business Council

 

COVID အလွန်ကာလတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုများ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်းအမေရိကန်-အာဆီယံစီးပွားရေးကောင်စီမှ တာဝန်ရှိသူများကဆိုသည်။

အမေရိကန်-အာဆီယံစီးပွားရေးကောင်စီမှမြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စွမ်းအင်ကဏ္ဍ နှင့် ဒီဂျစ်တယ် စီးပွားရေး ကဏ္ဍတို့တွင် တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရန် နှင့် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး တို့အတွက်လည်း ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်စား အမေရိကန်-အာဆီယံစီးပွားရေး ကောင်စီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Alexander C. Feldman နှင့် Senior Vice President and Regional Managing Director Ambassador Michael W. Michalak တို့ ဇူလိုင်လ ၂၈ ရက်နေပြည်တော်၌ Video Conferencing ဖြင့် လက်ခံတွေ့ဆုံ စဉ်ပြောကြားခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်-အာဆီယံစီးပွားရေးကောင်စီဘက်မှ Chevron ၊ ExxonMobil ၊ Chubb ၊ Coca-Cola ၊ Visa ၊ Scoular အပါအဝင် အမေရိကန်ထိပ်တန်းကုမ္ပဏီ (၁၀) တို့မှ ဒေသဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၃၀) ဉီးခန့် တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ဘက် ၅၁ နိုင်ငံတွင် အမေရိကန်မှာ အဆင့် ၁၃ တွင် တည်ရှိသောကြောင့် နှစ်နိုင်ငံ အကြား ကုန်သွယ်မှုပိုမိုတိုးတက်စေရေး အတွက်လည်းကောင်း၊ အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက်လည်းကောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့် အခွင့်အလမ်းကောင်း များစွာရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

တည်ငြိမ်သော စီးပွားရေး ကို ထိန်းသိမ်းထားနိုင်မှုနှင့် အနာဂတ် အလားအလာများကြောင့်လည်း မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်း၊ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကုန်သွယ်ရေး ဖြေလျှော့မှုများကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်း စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိသည်ကို တွေ့ရ ကြောင်းအမေရိကန်-အာဆီယံစီးပွားရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဘက်မှ ပြောဆိုကြောင်းလည်းသိရသည်။

ဂျပန်ကုမ္ပဏီ သုံးခုဖြစ်သည့် Marubeni ၊ Sumitomo Corp. နှင့် Mitsui & Co. တို့မှ ဦးဆောင် ရင်းနှီး မြှုပ်နှံမည့် LNG to Power စီမံကိန်းအတွက် Notice to proceed ကို ပေးအပ်ခဲ့ပြီး ယင်းစီမံကိန်းတွင် လျှပ်စစ်ဓာတ်အား ၁၂၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံ ပါဝင်သည်။

 

Written by Tayzar Bhone Myint/ Translated into English by Min Thu Aung

News Source : Myanmar Business Today

 

Related Link

 

ေနာက္သို ့

TOP