အားလုံးသိအောင် မျှဝေလိုက်ကြရအောင်
MTG and Myanmar PlasPrintPack, Agrotek & Foodtek ပြပွဲအတွင်း လာရောက်လည်ပတ်ရင်း စိတ်ပူအိုက်သလိုခံစားမိနေပြီလား ??
။ ဒါဆိုစိတ်အေးချမ်းပြီး လန်းဆန်းသွားအောင် ပြုလုပ်ဖို့ တစ်စုံတစ်ခုတော့ လိုနေပြီပေါ့နော် ။
“ကဲ အခုလိုစိတ်ပူအိုက်တုန်းလေး ဘီယာအေးအေးလေး (အခမဲ့) ရရှိနိုင်မယ့် ဆိုရင်…….”
ဘီယာအေးအေးလေး (အခမဲ့) သောက်နိုင်မည့် အစီအစဉ်လေးက ဘယ်လိုများပါလိမ့် ??
- အဆင့်(၁) ။။ မိမိ ဖေ့ဘွတ်အကောင့်မှ MTG (သို့မဟုတ်) Myanmar PlasPrintPack, Agrotek & Foodtek Link ကိုရှာပြီး like လုပ်ပါ။
- အဆင့်(၂) ။။ Fanpage မှ ဓာတ်ပုံတစ်ပုံ ရိုက်ယူပြီး၊ ဖေ့စ်ဘွတ်ပေ့(ချ်) တွင် Share ပါ။
- အဆင့်(၃) ။။ သင့်ဖေ့စ်ဘွတ်အကောင့်မှ share လုပ်ထားသော ပို့စ်ကို ၊ ဘီယာကောင်တာ မှဝန်ထမ်းထံပြပြီး ( အခမဲ့ ) ဘီယာကူပွန် ရယူပါ။
ဘီယာ ကူပွန်(၁)ခု = ဘီယာ(၁) ခွက်သာ ၊ မတော်တဆဖြစ်ပွားမှု ကင်းဝေးစေရန်အတွက် ဘီယာသောက်ပြီး ကားမမောင်းပါနှင့် ။
ရရှိနိုင်မည့် တည်နေရာ
(ဝယ်ယူသူများ၏ စစ်တမ်းကောင်တာ ) အနီးရှိကောင်တာ ။
စည်းမျဉ်းစည်းကမ်းများ
- ၁ ။ ဤ အစီအစဉ်တွင်ပါဝင်သူများသည် အောက်ပါ စည်းကမ်းနှင့် သတ်မှတ်ချက်များကို နားလည်လက်ခံပြီပြီးဟု မှတ်ယူထားပါသည် ။
- ၂ ။ပြပွဲ စီစဉ်သူသည် စည်းကမ်းနှင့် သတ်မှတ်ချက်များအပေါ်တွင် ထပ်မံ ထည့်သွင်းခြင်း နှင့် ထုတ်နုတ်ခြင်း တို့ပြုလုပ်ပိုင်ခွင့်ရှိသည်။
- ၃ ။ ဘီယာ ကူပွန်(၁)ခု = ဘီယာ(၁) ခွက်သာ ၊ မတော်တဆဖြစ်ပွားမှု ကင်းဝေးစေရန်အတွက် ဘီယာသောက်ပြီး ကားမမောင်းပါနှင့် ။
- ၄ ။နေ့စဉ် ဘီယာ(အခမဲ့) အစီအစဉ်သည် ကန့်သတ်ထားသော အရေအတွက်ရှိသောကြောင့် ဘီယာအရေအတွက်ကုန်သွားပါက ထပ်မံရရှိမည်မဟုတ်ပါ။
- ၅ ။ ပြပွဲတွင်ပါဝင်ဆောင်ရွက်သူများအနေဖြင့် အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည် ။လိုအပ်ပါက ပြပွဲစီစဉ်သူအနေဖြင့်
ပပွဲတွင်ပါဝင်ဆောင်ရွက်သူများ၏ မှတ်ပုံတင်ကတ် (သို့) ထောက်ခံချက်ကိုတောင်းယူစစ်ဆေးပိုင်ခွင့်ရှိသည်။ - ၆ ။ပြပွဲသို့လာရောက်လေ့လာသူများသည် ဘီယာ(အခမဲ့)အစီအစဉ်တွင် ပြပွဲကျင်းပသည့် (၄)ရက်အတွင်း (၁)ကြိမ်သာပါဝင်ခွင့်ရှိသည်။
- ၇ ။ ဘီယာ (အခမဲ့) ကူပွန်ကို ငွေသားဖြင့် ပြန်လဲလှယ်ခြင်း ၊ အကြွေးဝယ်ယူခြင်း စသည်ဖြင့် ပြုလုပ်ခွင့်မပြုပါ။ အသက်(၁၈) အောက်လူငယ်များထံ လက်လွှဲပေးခြင်း ၊ ကောင်တာမှ ထုတ်ယူခိုင်းခြင်းမပြုလုပ်ပါနှင့် ။