Menu

2024 Myanmar Int'l Textile & Garment, Apparel Accessories, Textile Printing Industry Exhibition

Concurrent with:

ပင်မစာမျက်နှာ / သတင်းများ / မြန်မာနိုင်ငံတကာဆိုင်ရာချည်မျှင်နှင့်အထည်ချုပ်ဆိုင်ရာစက်မှုလက်မှုပြပွဲကြီး

မြန်မာနိုင်ငံတကာဆိုင်ရာချည်မျှင်နှင့်အထည်ချုပ်ဆိုင်ရာစက်မှုလက်မှုပြပွဲကြီး

 

ရက်စွဲ: 2018-11-01

News Type: Press

 

 သတ္တမအကြိမ်မြောက်မြန်မာနိုင်ငံတကာဆိုင်ရာချည်မျှင်(MTG)နှင့်အတူမြန်မာ့အထည်ချုပ်ဆိုင်ရာစက်မှုလက်မှုပြပွဲ (Mita Tex) ကိုYorkersကုန်သွယ်ရေးနှင့်ဈေးကွက်ဝန်ဆောင်မှုကုမ္ပဏီလီမိတက်၊မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များအသင်း (MTMA) ကစီစဉ်ကာ ဤအခမ်းအနားကို မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှကူညီပံ့ပိုးထားပါသည်။ပြပွဲကို ဒီဇင်ဘာလ (၆) ရက်မှ (၉) ရက်နေ့အထိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) ခန်းမအသစ် (အင်းလျားလိတ် ဟိုတယ်ဝင်းအတွင်း) ကျင်းပသွားမည် ဖြစ်ပါသည်။

 

အဆင့်မြင့်စက်ပစ္စည်းများနှင့်စက်မှုစင်တာ

ယခုပြသမည့် ၂၀၁၈ MTG တွင်ထိပ်တန်းနာမည်ကြီးကုန်ပစ္စည်းအမျိုးပေါင်း (၁၃၀)ကျော်ကို တရုတ်၊ချက်၊ဂျာမနီ၊ဟောင်ကောင်၊အိန္ဒိယ၊ဂျပန်၊ကိုရီးယား၊မလေးရှား၊မြန်မာ၊စင်္ကာပူ၊ထိုင်ဝမ်၊ထိုင်းနှင့်ဗီယက်နမ်အစရှိသည့်(၁၃)နိုင်ငံများမှ ဧရိယာ ၇၀၀၀ ကျော် ကျယ်ဝန်းသောပြပွဲခန်းမကြီး တွင်ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

နောက်ဆုံးပေါ်ပန်းထိုးစက်များကို နာမည်ကြီးကုန်အမှတ်တံဆိပ်ဖြစ်သော Tajima ၊ Northphenix ၊ Hooray နှင့် Richpeace တို့မှ ပါဝင်ပြသသွားမည်ဖြစ်ပြီး နည်းပညာထပ်မြှင့်ထားသော စက်ချုပ်စက်များကို AMF, Bedoly, Ching Sung, Juki, Kam Full, Kingtex, Toboyo, YINWEI and Zoje တို့မှလဲပါဝင်ပြသသွားမည်ဖြစ်ပါသည်။ နောက်ဆုံးပေါ်ဇာထိုးပြားစက်များကို Kuris နှင့် Saloon တို့မှ သရုပ်ပြသသွားမည်ဖြစ်ပြီး ဒီဂျစ်တယ်ပရင့်ပိုင်းဆိုင်ရာစက်ပစ္စည်းများကို Mimaki မှပါဝင်ပြသမည်ဖြစ်ပြီး၊ CAD စနစ်ဖြင့်ပြုလုပ်နိုင်သောစက်ပစ္စည်းများကို BOK မှခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

ကုန်ပစ္စည်းထုတ်လုပ်မှုပိုင်းဆိုင်ရာလုပ်ငန်းစဉ်များကိုတော့ Hand Band နှင့် Li Sheng တို့မှမိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ဒါအပြင် MTGတွင်စီးပွားရေးလုပ်ငန်းများချိတ်ဆက်နိုင်ရန်ပလက်ဖောင်းအဖြစ်မြန်မာနိုင်ငံ၏ဈေးကွက်ကို ကိုရီးယားချည်မျှင်နှင့် အထည်ပိုင်းဆိုင်ရာစင်တာတွင်  ဖွင့်လှစ်မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။

ထိုင်ဝမ်အပ်ချုပ်စက်အသင်း (TSMA) မှ ထိုင်ဝမ်ကုမ္ပဏီများစုဝေးကာ ထိုင်ဝမ်အဖွဲ့စုများဖြစ်သည့် Kingtex, SAGA, Dotec, Kenlen, Shan Tsae, Ching Sung, Triumph, Great Knives Tsota  နှင့် Huang Tayi ကုမ္ပဏီများလည်း လာရောက်ပြသသွားမည်ဖြစ်ပါသည်။

 

 

တာဂျီမ ၊မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များအသင်း နှင်ြ့မန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အစရှိသည့်တို့ ဖြင့်ပါဝင်အားဖြည့် ပွဲတင်ဆက်ထားပါသည်။

MTGသည်ပြည်တွင်းဈေးကွက်အတွက် ကောင်းမွန်စွာချိတ်ဆက်နိုင်ရန်နှင့်ထိရောက်သောဆက်သွယ်ရေးပလက်ဖောင်း ကိုတည်ဆောက်လိုပါသည်။ ယခုနှစ်တွင် TAJIMA, MGMA နှင့် MTMA ၏စီစဉ်သူများနှင့်ပူးတွဲကြိုးပမ်းအားထုတ်ကာ စက်မှုဇုံခိုင်မာ စေရန် အတွက်စီမံကိန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ ပန်းထိုးလက်မှုလုပ်ငန်းတွင်ဦးဆောင်နေသော  TAJIMA မှလည်း မျိုးဆက်သစ် “ SAI’’ ကိုနောက်ဆုံးပေါ်စက်ပစ္စည်းများနှင့် နည်းပညာအသိပညာမျှဝေသွားမည်ဖြစ်သည်။

MTMAအသင်းသည်ဖွဲ့စည်းထားသည်မှာမကြာသေးသောအသင်းသစ်တစ်ခုဖြစ်ပြီးနိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှပ်နှံသူတို့၏ ဈေးကွက်လေ့လာမှုများနှင့်ပြင်ပထင်မြင်ယူဆချက်များအကြံပေးချက်များကိုမြန်မာနိုင်ငံ၏ချည်မျှင်ပိုင်းဆိုင်ရာနယ်ပယ်နှင့်ဈေးကွက်အ တွက်ဆွေးနွေးတို

င်ပင်နို င်သောအသင်းတစ်ခုလဲဖြစ်ပါသည်။

ထို့အပြင်လာရောက်ပြသသောလုပ်ငန်းရှင်များနှင့်အ၀ယ်တော်များလုပ်ငန်းကိစ္စများတွေ့ဆုံဆွေးနွေးနိုင်ရန်နှင့်ချိတ်ဆက်မှုများပြုလုပ်နိုင် ရန်အတွက် MTG ပြပွဲ၏ (၃) ရက်မြောက်နေ့တွင် Business Matchmaking Event ဖြစ်သော Smart Factory Awards Dinner ကို MGMA မှ စီစဉ်ထားရှိပြီး MTMA သည်လဲပါဝင်ထားပါသည်။

 

 

CMP လက်ရှိစက်မှုလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးခန့်မှန်းချက်

မြန်မာ့အထည်ချုပ်လုပ်ငန်း ၄၀၀ကျော်အထည်ချုပ်စက်ရုံများနှင့် ၄၀၀၀၀၀ ကျော်ဝန်ထမ်းများနှစ်စဉ်နိုင်ငံခြားဈေးကွက်မှ အနည်းဆုံး $ ၂.၂ ဘီလီယံခန့်ဝင်ငွေရှိပါသည်။ ၂၀၁၇တွင် EU သည်မြန်မာနိုင်ငံကို (GPS စနစ်) အဖြစ်ပြန်လည်ရောက်ရှိကာ အထည်ချုပ်ပို့ကုန်များတွင်ဂျပန်ထက်စာ လျှင်မြန်မာနိုင်ငံသည် အကြီးဆုံးဈေးကွက်ဖြစ်လာခဲ့သည်။ မြန်မာ့အထည်ချုပ်လုပ်ငန်း သည်တတိယ အကြီးဆုံးပို့ကုန်ထုတ်ကုန်ဖြစ်လာခဲ့သည်။

     မကြာသေးမီကအာရှဖွံ့ဖြိုးရေးဘဏ်တို့ကဖြန့်ချီသည်အစီရင်ခံစာအရ ၂၀၁၈ တွင်မြန်မာနိုင်ငံ၏ GDP ၆.၈% အထိ ကြီးထွားလာပြီး ၂၀၁၉ ခုနှစ်တွင် ၇.၂% အထိကြီးထွားပါလိမ့်မည်။ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ခိုင်ခံ့သောကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအကြောင်းရင်းနှစ်ခု ကြောင့်လာမည့်နှစ်တွင်မှန်မှန်ဖွံ့ဖြိုးကြီးထွားဖို့မျှော်လင့်ပါသည်။

ထို့အပြင်ကုမ္ပဏီသစ်ဥပဒေသည်ပြီးခဲ့သည့်ဒီဇင်ဘာလက အတည်ပြုလိုက်ခြင်းကို သြဂုတ်လ ၂၀၁၈ ခုနှစ်တွင် အကောင် အထည်ဖော်ပါလိမ့်မည်။ ပြည်ပ ရင်းနှီးမြှုပ်နှံသူများက ပြည်တွင်းကုမ္ပဏီများတွင် ၃၅% အစုရှယ်ယာကို ကိုင်ထားခွင့်ပြုပါ လိမ့်မည်။ ၂၀၁၈ ၏ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် တိုးတက်နှုန်းများသောကြောင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု နှုန်းကို အားပေးနေပြီး ဒေသခံစီးပွားရေးကိုပိုမို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရန်ကူညီပါလိမ့်မည်။ ဤရလဒ်များဆက်စပ်ကာ အ၀တ်အထည်စက်မှုလုပ်ငန်း မကြာမီပို့ကုန်အတွက် ခန့်မှန်းခြေ $ ၃၀ ဘီလီယံသို့ ရောက်ရှိပါလိမ့်မည်။

 

အီလက်ထရောနစ်မှတ်ပုံတင်ရေးမှ နောက်ဆုံးပြပွဲသတင်းအချက်အလက်ရရှိရန်အဆင်သင့်ဖြစ်နေပါ

MTG ၂၀၁၈ အီလက်ထရောနစ်မှတ်ပုံတင်စနစ်နှင့်လွတ်လပ်သောဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ဝင်များ အသုံးပြုသူ၏ ပြည်တွင်း ဈေးကွက်အလေ့အကျင့်နှင့်စက်မှုဇုန်ပလက်ဖောင်းအဖြစ်ပြပွဲ၏တန်ဖိုးမြှင့်တင်ရန်အတွက်ပိုကောင်းတဲ့ဆိုက်အတွေ့ အကြုံကိုရယူရန်ဧည့်သည်များMTG၏တရားဝင်ဝက်ဆိုက်တွင်အီလက်ထရောနစ်မှတ်ပုံတင်လျှောက်ထားရန်အကြံပြုပါသည်။ အီလက်ထရောနစ်မှတ်ပုံတင်ထားပါက MTG သတင်းနှင့် ၀န်ဆောင်မှုကဒ်မှ ၂၀၁၈ လက်ငင်း သတင်းကိုလက်ခံရရှိခြင်းမှ အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်သည်။

 

 

နောက်သို့ 

TOP