ပြပွဲ အစီအရင်ခံစာ
(၈)ကြိမ်မြောက်မြန်မာ့နိုင်ငံတကာဆိုင်ရာ ပလတ်စတစ်၊ ရာဘာ၊ပုံနှိပ်ခြင်း နှင့် ကုန်ထုတ်ပိုးမှုဆိုင်ရာစက်မှုပြပွဲကြီး နှင့်အတူ (၈)ကြိမ်မြောက်မြန်မာ့နိုင်ငံတကာစိုက်ပျိုးရေးနည်းပညာ နှင့် စားသောက်ကုန်ဆိုင်ရာစက်ပစ္စည်းပြပွဲကြီးကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး ပြပွဲကြီးနှင့်ဆက်နွယ်သောစက်မှုလုပ်ငန်းကဏ္ဍများအတွက်ပရော်ဖက်ရှင်နယ်ကုန်သွယ်ရေးနယ်ပယ်ပြပွဲအဖြစ်ယုံမှားဖွယ်ရာမရှိသည့်မြန်မာ့ဈေးကွက်၏အထင်ရှားဆုံးနှင့်လူသိများသောကုန်စည်ပြပွဲဖြစ်ခဲ့ကြောင်းတင်ပြအပ်ပါသည်။
ပြပွဲကြီးကို နိုဝင်ဘာလ(၁)ရက်နေ့မှ(၄)ရက်နေ့အထိ၊ရန်ကုန်ကုန်သွယ်ရေးစင်တာ (YCC) တွင် Yorker Trade & Marketing Service Co.,Ltd မှဦးစီးကျင်းပပြီး ၊ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း (MPIA) မှ ပူးတွဲပါဝင်ကူညီပံ့ပိုး ပေးထားပါသည်။ဒါ့အပြင်အစိုးရ၏ကူညီထောက်ပံ့ပေးမှုများနှင့်သက်ဆိုင်ရာစက်မှှုနယ်ပယ်များ၏အသင်းအဖွဲ့များဖြစ်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(Myan Trade) ၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူများအသင်း(MPPA) နှင့် မြန်မာနိုင်ငံပျော့ဖတ်နှင့်စက္ကူလုပ်ငန်းရှင်များအသင်း(MPPIA)မှလည်းကူညီအားဖြည့်ပံ့ပိုးပေးခဲ့ကြပါသည်။
ယခုနှစ်တွင် Myanmar Agrotek Foodtek ပြပွဲတွင် တရုတ်၊အိန္ဒိယ၊ဂျပန်၊မလေးရှား၊မြန်မာ၊ထိုင်ဝမ် စသည့်နိုင်ငံ (၈)နိုင်ငံတို့မှ ပြန်လည်ဆန်းသစ်ထားသောနည်းပညာများ၊နိုင်ငံတကာမှစီးပွားရေးဆိုင်ရာအကျိုးအမြတ်များနှင့်အဆက်အသွယ်များအစရှိသည်တို့အပြင်နာမည်ကြီးကုန်ပစ္စည်းအမျိုးအစားပေါင်း (၁၁၀) ကျော်ကိုလည်း ဒီပြပွဲကြီးတွင်ပါဝင်ပြသခဲ့ပါသည်။
၂၀၁၉ ပြပွဲအချက်အလက်

၂၀၁၉ ပြပွဲအကြောင်
နိုဝင်ဘာလ ၁ ရက်နေ့ မှ ၃ ရက်နေ့ အထိ ( မနက် ၁၀ နာရီ မှ ညနေ ၅ နာရီခွဲ)
နိုဝင်ဘာလ ၄ ရက် ပြပွဲနောက်ဆုံးရက်တွင် ( မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိသာ)
ရန်ကုန် ကုန်သွယ်ရေးစင်တာ (YCC)
Yorkers Trade & Marketing Service Co., Ltd.
မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း (MPIA)
Chan Chao International Co., Ltd.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)
မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
မြန်မာနိုင်ငံပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း
မြန်မာနိုင်ငံပျော့ဖတ်နှင့်စက္ကူလုပ်ငန်းရှင်များအသင်း