Menu

2024 Myanmar Int'l Plastics, Rubber, Printing, Packaging Industrial Exhibition

ပင်မစာမျက်နှာ / သတင်းများ / မြန်မာ့နိုင်ငံတကာဆိုင်ရာ ပလတ်စတစ်၊ ရာဘာ၊ ပုံနှိပ်ခြင်း နှင့် ကုန်ထုတ်ပိုးမှုဆိုင်ရာ စက်မှုပြပွဲကြီး ၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလ ၁၇ - ၂၀ သို့အချိန်ပြောင်းလဲသတ်မ

မြန်မာ့နိုင်ငံတကာဆိုင်ရာ ပလတ်စတစ်၊ ရာဘာ၊ ပုံနှိပ်ခြင်း နှင့် ကုန်ထုတ်ပိုးမှုဆိုင်ရာ စက်မှုပြပွဲကြီး ၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလ ၁၇ - ၂၀ သို့အချိန်ပြောင်းလဲသတ်မ

 

Date: 2020-10-19

News Type: Press

 

လေးစားရပါသောလုပ်ငန်းရှင်များ ရှင်

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှုသည် ၂၅၀၀၀ ကျော်မြင့်လာပြီးကူးစက်နှုန်းသည်လဲထပ်မံမြင့် တက်လျှက်ရှိပါသည်။ ထို့အပြင် ရန်ကုန်ကုန်သွယ်မှုစင်တာ(YCC)သည်လည်း ယာယီ COVID-19 ကုသရေးစင်တာအဖြစ် ၂၀၂၀ခုနစ် ၊ အောက်တိုဘာလလယ်လောက် တွင်ပြောင်းလဲထားပါသည်။

 COVID-19 အခြေအနေများကြောင့်မြန်မာအစိုးရ၏ခရီးသွားလာခွင့်ကိုကန့်သတ်ထားမှုများနှင့် ကြာရှည်စွာမရေရာမှုများကြောင့် တက်ရောက်သူအားလုံး၏ ဘေးကင်းလုံခြုံမှုရှိစေရန်ကျွန်ုပ်တို့က ခက်ခဲသော်လည်း လိုအပ်သောဆုံးဖြတ်ကိုချခဲ့ရပါသည်။ပြပွဲစီစဉ်သူ Yorkers Trade& Marketing Service Company Limited အနေဖြင့်မြန်မာ့နိုင်ငံတကာဆိုင်ရာ ပလတ်စတစ်၊ ရာဘာ၊ ပုံနှိပ်ခြင်း နှင့် ကုန်ထုတ်ပိုးမှု ဆိုင်ရာ စက်မှုပြပွဲကြီးနှင့် မြန်မာ့နိုင်ငံတကာဆိုင်ရာ စိုက်ပျိုးရေးနည်းပညာနှင့် စားသောက်ကုန်ဆိုင်ရာ စက်ပစ္စည်း ပြပွဲကြီးကို ၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလ ၁၇ မှ ၂၀ ရက်နေ့သို့အချိန်ပြောင်းလဲသတ်မှတ်လိုက်ပါသည်။

 

၂၀၂၁ခုနစ်တွင်ပြပွဲပြသမှုသည်ရုပ်ပိုင်းအရပြန်လာနိုင်သော်လည်း၊နယ်နိမိတ်ကန့်သတ်ချက်မရှိ၊အချိန်ကာလကန့်သတ်ချက်မရှိ၊ အကန့်အသတ်ဘောင်မရှိစသည်တို့ဖြစ်လာမည့်ကျွန်ုပ်တို့၏ပြပွဲကြီးကိုအော့ဖ်လိုင်းပြပွဲကြီးနှင့်အတူအွန်လိုင်းပြပွဲကြီးကိုလဲတိုးချဲ့ သွားမည်ဖြစ်ပါသည်။၎င်းပြပွဲသည်ဝင်ရောက်ပြသသောလုပ်ငန်းရှင်များအတွက်အတွေ့အကြုံအသစ်များယူဆောင်လာမည်ဖြစ်ပါသည်။ အွန်လိုင်းပလက်ဖောင်းကနေတဆင့်ဝင်ရောက်ပြသသောလုပ်ငန်းရှင်များ၏နောက်ဆုံးပေါ်ထုတ်ကုန်များကိုပြသနိုင်ပြီးကမ္ဘာတစ်ဝန်းရှိ အလားအလာရှိသောဝယ်သူများ ထံရောက်ရှိနိုင်ရန်ကူညီနိုင်မည်ဖြစ်သည်။ အောက်ဖော်ပြပါဝက်ဆိုဒ်များတွင်အသေးစိတ်သိရှိနိုင်ရန်နှင့် အသစ်သောသတင်းများကိုသိရှိနိုင်ရန်ဝင်ရောက်လေ့လာနိုင်ပါသည်။

 

 

 

Back

TOP